ဆရာမ Mette (Norway Baptist Union Integration Pastor) သည် မေလ ၂၃၊ ၂၀၁၂ ရက်နေ့ တွင် Svolvær, Lofoten သို့ ရောက်ရှိ ခဲ့ပါသည်။ ဆရာမ Mette သည် နော်ဝေး နိုင်ငံ အထက်ပိုင်း သို့  ဧ၀ံဂေလိ နယ်လှည့်ခရီးစဉ် ကို Stavanger မြို့ မှ လေယာဉ်ဖြင့် Tromsø မြို့ ၊ Leknes မှ ကားဖြင့် Svolvær, Melbu, Andenes, Sortland စသည်ဖြင့် Nord Norge မှာ ရှိကြသော ခရစ်ယာန် ယုံကြည်သူ များနှင့် တွေ့ ဆုံကာ မိတ်သပာာရ ဖွဲ့ ပြီး ၀ိညာန်ခွန်အား အားသစ်လောင်းဘို့ အတွက်ဖြစ်ပါသည်။ အထူးသဖြင့် Svolvær မြို့ မှာ ၀ိညာန်တော် ဆင်းသက်ခြင်းနှင့် ပတ်သက်ပြီး တရား ဒေသနာ တိုက်ကျွေး ခဲ့ရာ ယုံကြည်သူများ အနေဖြင့် အထူးခွန်းအား ရရှိခဲ့ကြပါသည်။ ဆရာမ Mette သည် Nepal နိုင်ငံမှာ ၃နှစ် missionary အဖြစ် ဘုရားအ မှူတော် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပြီး လက်ရှိ နော်ဝေးနိုင်ငံ နှစ်ခြင်းအသင်းတော်မှာ Integration Pastor အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။ ဆရာမသည် ၀ိညာဉ်ရေးရာမှာ အထူး တက်ကြွခဲ့ သူလည်းဖြစ်ပါကြောင့် တင်ပြလိုက်ရပါသည်။